မာတိကာသို့ ခုန်သွားရန်

တိုင်တန်းနစ် (၁၉၉၇ ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
၀၇:၁၇၊ ၉ ဧပြီ ၂၀၁၉ နေ့က Vanished user 20210921 (ဆွေးနွေး | ပံ့ပိုး) ("{{Infobox film|name=တိုင်တန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ
တိုင်တန်းနစ်
The film poster shows a man and a woman hugging over a picture of the Titanic's bow. In the background is a partly cloudy sky and at the top are the names of the two lead actors. The middle has the film's name and tagline, and the bottom contains a list of the director's previous works, as well as the film's credits, rating, and release date.
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာဂျိမ်း ကင်မရွန်း
ထုတ်လုပ်သူ
  • ဂျိမ်း ကင်မရွန်း
  • ဂျွန် လန်ဒူ
စာရေးသူဂျိမ်း ကင်မရွန်း
အခြေခံထားသည်မှာsinking of the RMS Titanic[*]
သရုပ်ဆောင်
  • လီယိုနာဒို ဒီကာပရီယို
  • ကိတ် ဝင်းစလက်
  • ဘီလီ ဇိန်း
  • ကေသီ ဘိတ်
  • ဖရန့် ဖစ်ရှာ
  • ဘားနက် ဟေး
  • ဂျိုနသန် ဟိုက်
  • ဒန်နီ နက်စီ
  • ဒေ:ဗစ် ဝါနာ
  • ဘီ ပစ္စတန်
နောက်ခံစကားပြောGloria Stuart[*]
ဂီတမှူးဂျိမ်း ဟွန်နာ
ဓာတ်ပုံရပ်ဆဲ ကာပန်နာ
တည်းဖြတ်
  • စတုတ္ထမြောက် ကွန်နက် ဘာ့ဖ်
  • ဂျိမ်း ကင်မရွန်း
  • ရစ်ချတ် ဟားရစ်
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • ပါရာမောင့် ရုပ်ရှင် [၁][၂]
  • ၂၀ ရာစု မြေခွေး [၁][၂]
  • လိုက်စထရွန်း ဖျော်ဖြေရေး [၁]
ကြာမြင့်ချိန်
၁၉၅ မိနစ် [၃]
နိုင်ငံအမေရိကန်
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • နိုဝင်ဘာ ၁၊ ၁၉၉၇ (၁၉၉၇-၁၁-၀၁) (တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် )
  • ဒီဇင်ဘာ ၁၉၊ ���၉၉၇ (၁၉၉၇-၁၂-၁၉) ( အမေရိကန်)
ထုတ်ဝေသူ
  • ပါရာမောင့် ရုပ်ရှင်
    (မြောက်အမေရိကား)
  • ၂၀ ရာစု မြေခွေး
    (နိုင်ငံတကာ)
ကုန်ကျငွေဒေါ်လာ သန်း ၂၀၀[၄][၅][၆]
ရောင်းရငွေဒေါ်လာ ၂၁၈၇ သန်း [၇]

တိုင်တန်းနစ် သည် ၁၉၉၇ ခုထွက် ရင်သပ်ဆန်းကြယ် အချစ်နှင့် ဘေးဆိုးအကြောင်း ရိုက်ကူးသည့် ဟောလိဝုဒ် ရုပ်ရှင်တစ်ကား ဖြစ်သည်။ ဂျိန်း ကင်မရွန်း ရိုက်ကူးသည်။ ပင်လယ်ကူးသင်္ဘော တိုင်တန်းနစ် နစ်မြုပ်ပုံကို မတူသော အလွှာများမှ ထိုသင်္ဘောပေါ်သို့ ရောက်လာသည့် လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ် ဝင်းစလက်တို့၏ အချစ်ဇာတ်လမ်းမှရှုမြင်ရပုံကို မှုန်းခြယ်ထားသည်။

ရိုက်ကူးရေးကို ၁၉၉၅ ခုတွင် စတင်သည်။ ပုံစံတူသင်္ဘော ဖန်တီးခြင်း၊ ကွန်ပျူတာ အထူးပြုလုပ်ချက်များ အသုံးပြုရခြင်းတို့ကြောင့် ထိုခေတ်ထိုအခါက အကုန်အကျအများဆုံးဇာတ်ကား ဖြစ်ခဲ့သည်။

၁၉၉၇ ခု၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ရုံတင်ရာ ပရိသတ်အထူးနှစ်သက်ပြီး စံချိန်တင် အောင်မြင်မှု ရသည်။ အော်စကာဆု ဆန်ကာတင်စာရင်းသို့ (၁၄) ဆု ဝင်ခဲ့ပြီး ၁၉၅၀ ခုထွက် ဧဝအကြောင်း သောင်းပြောင်းထွေလာ (All About Eve) ဇာတ်ကားနောက်ပိုင်း ဆန်ကာတင် အများဆုံးဝင်သည့် ဇာတ်ကားဖြစ်သည်။ အော်စကာ (၁၁) ဆု ရသည်။ ကနဦး ကမ္ဘာတစ်ဝှမ်း အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၁၈၄၀ ရပြီး သန်း ထောင်ဂဏန်းဖြင့်ဝင်သည့် ပထမဆုံးဇာတ်ကား ဖြစ်လာသည်။ ၂၀၁၀ ခုထွက် အဗာတာ (Avatar) ဇာတ်ကား မတိုင်ခင်အထိ ဝင်ငွေအများဆုံးရသည့်ကား ဖြစ်ခဲ့သည်။

တိုင်တန်းနစ် သုံးဘက်မြင်ပုံစံသစ်ကို ၂၀၁၂ ခု၊ ဧပြီလ ၄ ရက်တွင် ဖြန့်ချိရာ ဒေါ်လာ ၃၄၃.၆ သန်း ထပ်ရသည်။ ၂၀၁၇ ခုတွင် အမေရိကန် အမျိုးသားရုပ်ရှင်မှတ်တမ်းဝင် အဖြစ် ဤဇာတ်ကားအား သိမ်းဆည်းထားသည်။

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ Titanic (1997)Film & TV DatabaseBritish Film Institute။ July 29, 2011 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ TitanicAFI Catalog of Feature FilmsAmerican Film Institute။ February 2, 2018 တွင် ပြန်စစ်ပြီး။
  3. TITANIC (12)British Board of Film Classification (November 14, 1997)။ November 8, 2014 တွင် ပြန်စစ်ပြီး။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Garrett (2007)
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Sandler & Studlar 1999
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Welkos (1998)
  7. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named bom