မာတိကာသို့ ခုန်သွားရန်

ဂျိုကာ (ဇာတ်ကောင်)

ဝီကီပီးဒီးယား မှ
ဂျိုကာ
Cesar Romero - The Joker 1967 (colored)
Publication information
ထုတ်ဝေသူDC Comics
ကနဦး ပေါ်ထွက်လာမှုလင်းနို့လူသား #1 (cover-dated spring 1940; published April 25, 1940)[၁]
ဖန်တီးသူ
In-story information
အသင်းဝင်
သတိပြုမိဖွယ် မဟာမိတ်များRed Hood[၂]
စွမ်းရည်များ
  • ရာဇဝတ်မှု စီစဉ်ချုပ်ကိုင်သူ
  • ဓာတုအထူးကျွမ်းကျင်သူ
  • လက်နက်ခဲယမ်းများနှင့် အဆိပ်များကို အသုံးပြုမှု


ဂျိုကာသည် ဒီစီရုပ်ပြမှထုတ်ဝေသော ကာတွန်းစာအုပ်များတွင် ပါရှိသည့် စိတ်ကူးယဉ် လူဆိုးဇာတ်ကောင်ဖြစ်ပြီး လင်းနို့လူသား၏ အဓိကပြိုင်ဘက် ဖြစ်သည်။ ဘီလ် ဖင်ဂါ၊ ဘော့ ကိန်း နှင့် ဂျယ်ရီ ရော်ဘင်ဆန်တို့က ဖန်တီးခဲ့ပြီး လင်းနို့လူသား ကာတွန်းစာအုပ်တွဲ (အေပရယ် ၂၅၊ ၁၉၄၀) တွင် စတင်ပါဝင်လာသည်။

ဇာတ်ဆောင်စရိုက်

[ပြင်ဆင်ရန်]

အစောပိုင်းတွင် ဟာသဉာဏ်ရှိပြီး တဇွတ်ထိုးပြုမူတတ်သည့် စိတ်ဝေဒနာရှင်အဖြစ် ဂျိုကာအား သရုပ်ဖော်ထားသည်။

၁၉၅၀ နှောင်းပိုင်းတွင် ရုပ်ပြများအား ထိန်းချုပ်သည့် စည်းမျဉ်းများအရ အသိဉာဏ်မြင့်သော်လည်း စိတ်ယုတ်စိတ်မာရှိသည့် လူဆိုးအဖြစ် ပြောင်းလဲ ဖန်တီးလိုက်သည်။

ဂျိုကာသည် လူစွမ်းကောင်းများကဲ့သို့ ထူးခြားစွမ်းအင်မရှိပေ။ သို့သော်လည်း ဓာတုပစ္စည်းတွေကို ကောင်းစွာကိုင်တွယ်နိုင်ပြီး အဆိပ်ဖြင့် ပစ်ခတ်လေ့ရှိသည်။ အသုံးပြုသည့် ထူးခြားလက်နက်များမှာ ဓားသွားပါသော ဖဲချပ်တွေ၊ အက်ဆစ်ဖြန်းထားသောပန်းများ၊ အဆိပ်ဖြူးသည့် မုန့်များ ဖြစ်သည်။

တွဲဖက်ဇာတ်ကောင်များ

[ပြင်ဆင်ရန်]

၁၉၉၂ တွင် စိတ်ကျန်းမာရေးဆရာဝန် ဟာလီကွင်း(န်)နှင့် ချစ်ကြိုက်ခဲ့ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာသည်။ အဓိက ပြိုင်ဘက်မှာ လင်းနို့လူသားဖြစ်သော်လည်း စူပါမန်းနှင့် ဝမ်းဒါးဝိုးမန်း တို့ဖြင့်လည်း တိုက်ခိုက်လေ့ ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Zalben၊ Alex။ "When Is Batman's Birthday, Actually?"၊ New York City: MTV News၊ March 28, 2014။ 9 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 26 July 2014။ 
  2. Eason၊ Brian K. (July 11, 2008)။ Dark Knight Flashback: The Joker, Part I။ February 23, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 23, 2014 တွင် ပြန်စစ်ပြီး။